မြ ရွှေဘိုပေါ်ဆန်းမွှေး အားဖြည့်ဆန် ,၂ကီလို

9,650 Ks

မြ အားဖြည့်ဆန်သည် စနစ်တကျအဆင့်မြင့် စိုက်ပျိုးထားသော အာဟာရပြည့် အားဖြည့်ဆန်မွှေးအမျိုးအစားဖြစ်ပြီး ဗီတာမင်နှင့် သက်စောင့်ဓာတ် (၈)မျိုးပါဝင်တာကြောင့် နေ့စဉ်အာဟာရဖြည့်သွင်းပေးနိုင်တဲ့ အားဖြည့်ဆန် ဖြစ်ပါသည်။
မြ အားဖြည့်ဆန်ကို စဉ်ဆက်မပြတ် စားသုံးပေးခြင်းက အာဟာရချို့တဲ့မလုံလောက်သောပြသာနာမှ ကင်းဝေစေပြီး အမြင်အာရုံကို ပိုကောင်းစေခြင်း၊ ကိုယ်ခံစွမ်းအားကိုလည်း မြင့်တက်စေတာမို့ အလွယ်တကူ ဖျားနာခြင်း၊ရောဂါဝင်လွယ်ခြင်းမှလည်း တားဆီးကာကွယ်နိုင်ပါတယ်၊ အရိုးအဆစ်သန်မာစေပြီး ကိုယ်ခန္ဓာကို ပိုမို ကြံ့ခိုင်ဖွံ့ဖြိုးစေပါတယ်။

မြ အားဖြည့်ဆန်တွင်ပါ၀င်သော ဗီတာမင်နှင့် သက်စောင့်ဓာတ်များ၏ တစ်ခုချင်းစီရဲ့ အကျိုးကျေးဇူးများကတော့
-ဗီတာမင်အေ (vitamin A)သည် အမြင်အာရုံကောင်းပြီး ကလေးငယ်များတွင် ၀က်သက်၊ငှက်ဖျားနှင့် ၀မ်းပျက်ဝမ်းလျောဖြစ်ခြင်းမှကာကွယ်ပေးပါသည်။
-ဗီတာမင်ဘီ- ၁ (vitamin B1)သည် နှလုံး ဦးနောက်အာရုံကြောနှင့် ကြွက်သားများအလုပ်လုပ်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။
-ဗီတာမင်ဘီ- ၆ (vitamin B6)သည် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတွင် ကလေးငယ်များ ဉာဏ်ရည်ကြီးထွားဖွံ့ဖြိုးရန်အရေးပါပါသည်။
-ဗီတာမင်ဘီ- ၁၂ (Vitamin B12)သည် မှတ်ဉာဏ်အားကောင်းစေခြင်းနှင့် အယ်(လ်)ဇိုင်းမားရောဂါ ဖြစ်ပွားခြင်းတို့မှ ကာကွယ်ပေးပါသည်။
-ဖောလစ်အက်ဆစ် (folic acid)သည် ကိုယ်ဝန်ဆောင် အမျိုးသမီးများ သားပျက်သားလောဖြစ်ခြင်း မွေးရာပါ ကလေးဦးနှောက်မဖွံ့ဖြိုးခြင်းနှင့် ကျောရိုး ချွတ်ယွင်းခြင်းတို့မှ ကာကွယ်ပေးပါသည်။
-သံဓာတ်(iron )သည် သွေးအားနည်းခြင်း ၊ကိုယ်ခံစွမ်းအားလျော့နည်းခြင်း အာရုံစူးစိုက်မှုလျော့နည်းခြင်းနှင့် မောပန်းလွယ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါသည်။
-ဇင့်ဓာတ်(zinc) သည် ကိုယ်ခံစွမ်းအားကောင်းမွန်စေပြီး ကိုယ်ဝန်ဆောင်များတွင် လမစေ့မီ မွေးဖွားခြင်း ကိုယ်ဝန်ပျက်ကျခြင်း ကလေးဉာဏ်ရည်နိမ့်ပါးခြင်းနှင့် မိခင်ရော ကလေးပါ ကိုယ်ခံအားကျဆင်းခြင်းတို့မှ ကာကွယ်ပေးပါသည်။
-နိုင်ယာစင်ဓာတ်(niacin )သည် ကိုလက်စရောကို လျော့ချပေးပြီး နှလုံးရောဂါဖြစ်ပွားမှုကိုလျော့နည်းစေပါသည်။

-မြအားဖြည့် ဆန်(Mya fortified rice)
-၂ကီလို(2kg)
-ဗီတာမင်နှင့် သက်စောင့်ဓာတ် (၈)မျိုး ပါဝင်ခြင်း
-နေ့စဉ်အာဟာရဖြည့်တင်းပေးစွမ်းနိုင်ခြင်း
-Made in Myanmar



Code: 713543651492

tracker id: 0 (on) #6220