• Oq2jzouweis999ci5mcv Oq2jzouweis999ci5mcv

မြ-မြောင်းမြပေါ်ဆန်မွှေး, အားဖြည့်ဆန်(2 Kg)

7,650 Ks

မြ-မြောင်းမြပေါ်ဆန်းမွှေးသည် အသက် ၆လအထက်မှာစပြီး ကလေးလူကြီးစားသုံးသင့်သော အာဟာရဓာတ်များစွာပါသော အားဖြည့်ဆန်အမျိုးအစားဖြစ်ပါတယ်။ အားဖြည့်ဆန်ဆိုသည်မှာ သဘာဝအတိုင်းစိုက်ပျိုးထားတဲ့စပါးကိုကြိတ်ခွဲရာမှာ ထွက်လာတဲ့ဆန်ကွဲများကို သန့်စင်ပြီးအမှုန့်ကြိတ် ၊ရရှိလာတဲ့ အမှုန့်များကို ဗီတာမင်၊သတ္တုဓာတ်( ၈)မျိုးနဲ့ ရေနှင့် ပေါင်းစပ်ရောနယ်ပြီး အပူပေးကာ ဆန်ပုံလောင်းတဲ့ နည်းပညာကိုအသုံးပြုပြီးထုတ်လုပ်ထားတဲ့ဆန်အမျိုးအစားပဲဖြစ်ပါတယ်။

မြ-အားဖြည့်ဆန်တွင် ဗီတာမင်အေ ,ဗီတာမင် ဘီ ၁ ,ဘီ ၆ ,ဘီ ၁၂ ,ဇင့် , ဖောလစ်အက်စစ်, သံဓာတ် နှင့် နိုင်ယာစင်ဓာတ် တို့ပါဝင်တာကြောင့် မြ-အားဖြည့်ဆန်ကိုစားသုံးပေးခြင်းဖြင့် အမြင်အာရုံကို ပိုကောင်းစေခြင်း၊ ကိုယ်ခံစွမ်းအားကိုမြင့်တက်လာစေခြင်း၊ ဦးနှောက်အာရုံကြောနှင့် ကြွက်သားများကောင်းစွာအလုပ်လုပ်နိုင်ခြင်း၊ မှတ်ဉာဏ်အားကောင်းစေခြင်းနှင့် အယ်(လ်)ဇိုင်းမားရောဂါမဖြစ်ပွားစေခြင်း၊ ကိုလက်စရောကို လျော့ချပေးပြီး နှလုံးရောဂါဖြစ်ပွားမှုကိုကာကွယ်ခြင်း၊ ကိုယ်ဝန်ဆောင်မေမေများနှင့်ကလေးငယ်များတွင်ဖြစ်တတ်သော သွေးအားနည်းခြင်း၊ (ဘယ်ရီဘယ်ရီလို့) ခေါ်တဲ့ မွေးရာပါ ကလေးဦးနှောက်မဖွံ့ဖြိုးခြင်းနှင့်ကျောရိုး ချွတ်ယွင်းခြင်းရောဂါများကို မဖြစ်ပွားစေခြင်း၊ ကလေးငယ်တို့ ခန္ဓာကိုယ်ကြံ့ခိုင်ကျန်းမာစေပြီး၊ အရိုးများကိုသန်မာစေခြင်း စသည့်အကျိုးကျေးဇူးများရစေပါတယ်။ မြ-အားဖြည့်ဆန်ဟာ ကျန်းမာရေးချို့တဲ့မှုတွေမဖြစ်ပွားအောင် ကာကွယ်ပေးပြီး ကိုယ်ခံအားကောင်းစေတာကြောင့် ကလေး၊လူကြီးမိသားစုအားလုံးစားသုံးပေးသင့်တဲ့ ဆန်အမျိုးအစားပဲဖြစ်ပါတယ်။


- အားဖြည့်ဆန်
-2 Kg ပါရှိခြင်း
-ကလေး(၆)လ အထက်မှစားသုံးပေးနိုင်ခြင်း
-ဗီတာမင်၊သတ္တုဓာတ်( ၈)မျိုးပါဝင်ခြင်း
-မြန်မာပြည်တွင် ထုတ်လုပ်သည်။



Code: 763846176543

tracker id: 1 (on) #6221