• Tauj1onjiifvnre8r7oe Tauj1onjiifvnre8r7oe

DG 1 Goat Milk Step 1 (400 g)

99,700 Ks

Promotion

Nov 2025 Promotion-DG 1 Goat Milk Step 1 (400 g) Buy1 Get 15% Off

15%


DG 1Goat Milk ဆိတ်နို့မှုန့်ကို ကလေးမွေးစမှ (၆)လ အရွယ်အထိ တိုက်ကျွေးနိုင်ပါတယ်။ နယူးဇီလန် အစိုးရမှ ချီးမြှင့်သည့် Silver Fern တံဆိပ်ကို ရရှိထားတာကြောင့် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။ နွားနို့အခြေခံနို့မှုန့်များထက် ကလေးတွေရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အဓိက သဘာဝအာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။
ဓာတ်မတည့်ခြင်းဖြစ်ပွားမှုကို (၃)ဆမျှနည်းပါးစေပြီး နွားနို့ထက် ကယ်လ်ဆီယမ်ဓာတ် (၁၃) ရာခိုင်နှုန်း ပိုမိုပါဝင်တာကြောင့် ကလေးတွေရဲ့ အရိုးနှင့်သွားများကို ပိုမိုကျန်းမာကြံ့ခိုင်စေပြီး အရပ်ရှည်မှုအတွက် အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဆိတ်နို့မှာပါဝင်တဲ့ ပရိုတင်းနဲ့အဆီက နွားနို့မှာပါဝင်တဲ့ ပရိုတင်းနဲ့အဆီထက် ပိုပြီးနူးညံ့တဲ့အတွက် အစာခြေဖျက်ရာမှာ ပိုလွယ်ကူပြီး အဓိကအာဟာရဓာတ်တွေကို စုပ်ယူတဲ့နေရာမှာ ပိုလွယ်ကူတာမို့ ဆိတ်နို့သောက်တဲ့ကလေးတွေရဲ့ဝမ်းဗိုက်ကို ပိုပြီးတော့မှ သက်တောင့်သက်သာ ဖြစ်စေပြီး ဝမ်းပျော့ပျော့သွားစေပါတယ်။
အဓိကသဘာဝအာဟာရဓာတ်တွေဖြစ်ကြတဲ့ DHA, Omega 3,6,9 နှင့် အခြားသော ဗီတာမင်နှင့်သတ္ထုဓာတ်များကို အလွယ်တကူ ချေဖျက်စုပ်ယူနိုင်တာကြောင့် ကလေးတွေရဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု၊ အရပ်ရှည်မှုနဲ့၊ ကိုယ်ခံစွမ်းအားစနစ်ပိုမိုကောင်းမွန်စေတာမို့ ထက်မြတ်တဲ့ သားသားမီးမီးလေးတွေ ဖြစ်လာစေဖို့အတွက် အကောင်းဆုံးကူညီပေးနိုင်ပါတယ်။

ဖျော်စပ်ပုံ - (နို့မှုန့်ဗူးတွင်ပါဝင်သော ဇွန်းဖြင့်သာ ချိန်တွယ်အသုံးပြုရပါမည်။)
-မွေးစမှ ၁ လ - ရေကျက်အေး (၉၀) မီလီလီတာ လျှင် နို့မှုန့် (၃)ဇွန်း တစ်နေ့ (၆) ကြိမ်
-၁လမှ ၂ - ရေကျက်အေး (၁၅၀) မီလီလီတာ လျှင် နို့မှုန့် (၅)ဇွန်း တစ်နေ့ (၅) ကြိမ်
-၃လ မှ ၅ လ - ရေကျက်အေး (၂၁၀) မီလီလီတာ လျှင် နို့မှုန့် (၇)ဇွန်း တစ်နေ့ (၅) ကြိမ်
-၆ လနှင့်အထက်- ရေကျက်အေး (၂၄၀) မီလီလီတာ လျှင် နို့မှုန့် (၈)ဇွန်း တစ်နေ့ (၄) ကြိမ်
-(ကလေးတစ်ယောက်နှင့် တစ်ယောက် စားသောက်မှုပမာဏမတူညီသည့်အတွက် အကြိမ်အရေအတွက် အနည်းအများရှိ၍ ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်နိုင်ပါတယ်။)

သတိပေးချက်
- မိခင်နို့မတိုက်ကျွေးသော ကလေးအတွက်သာသုံးရန်ဖြစ်သည်။
- လျော်ကန်စွာအသုံးမပြုပါက ကျန်းမာရေး အန္တရယ် ရှိနိုင်ပါသည်။
- ဗူးအားဖွင့်ပြီး (၃) ပတ် အတွင်း အသုံးပြုပါ။
- နို့မှုန့်အားဖျော်ပြီး (၁) နာရီကြာသွားလျှင် ပိုနေသောနို့ရည်အား စွန့်ပစ်ရမည်။

-DG 1 Goat Milk Powder, Step 1
- မွေးစမှ ၆လအတွင်း
- 400 g
- Made in New Zealand



Code: 9421025232268

tracker id: 0 (on) #6914