Gaullac တံဆိပ် Infant Formula Powder Step 1 (800g) ကို ပြင်သစ်နိုင်ငံမှ ထုတ်လုပ်ထားတာဖြစ်ပြီး မွေးကင်းစအရွယ်မှစ ၁၂ လအထိ တိုက်ကျွေးလို့ရပါတယ်။ Gaullac Infant Formula ထုတ်လုပ်သည့် Synutra (France) စက်ရုံသည် ဥရောပမှာရှိတဲ့ မွေးကင်းစကလေးဖော်မြူလာထုတ်လုပ်တဲ့ အကြီးဆုံးစက်ရုံတွေထဲက တစ်ခုဖြစ်ပြီး နိုင်ငံတကာ စံချိန်စံညွန်းနှင့်အညီ ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။
ရင်သွေးငယ်များရဲ့ အစာအိမ်နှင့် အူလမ်းကြောင်းလုပ်ငန်းများ ကောင်းမွန်ဖို့အတွက် အထောက်အကူပြုပေးတဲ့ FOS, POS နှင့် GOS တို့လို prebiotic (၃) မျိုးပါဝင်ပါတယ်။ ဦးနှောက်လုပ်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအရေးပါတဲ့ DHA, ARA, Choline, Taurine, Linoleic Acid နှင့် Alpha-Linolenic Acid အဟာရဓါတ် (၆) မျိုးအပြင် ကိုယ်ခံစွမ်းအားနှင့် သင်ယူနိုင်စွမ်းတွေကို မြှင့်တင်ပေးနိုင်တဲ့ AMP, GMP, IMP, UMP နှင့် CMP တို့လို Nucleotide (၅) မျိုး ပါဝင်ပါတယ်။
မိခင်နို့နှင့် အနီးစပ်ဆုံးတူအောင် ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် မိမိရင်သွေးကို အကောင်းဆုံးမှပေးချင်တယ်ဆိုရင် Gaullac Infant Formula က အသင့်တော်ဆုံး ဖြစ်ပါတယ်။
ဖျော်စပ်ပုံ (နို့မုန့်ဗူးထဲတွင် ပါဝင်သော ဇွန်းဖြင့်သာ အသုံးပြုပါ။)
တစ်ကြိမ်ဖျော်စပ်စာ
အသက် ၀-၂ ပတ် အတွက် နို့မှုန့်၃ဇွန်း ရေ ၉၀ ml(တစ်နေ့ ၆ ကြိမ် မှ ၇ ကြိမ်)
အသက် ၂-၄ ပတ် နို့မှုန့် ၄ဇွန်း ရေ ၁၂၀ ml (တစ်နေ့ ၆ ကြိမ်)
အသက် ၁-၂ လ နို့မှုန့် ၅ ဇွန်း ရေ၁၅၀ml(တစ်နေ့၅ ကြိမ် မှ ၆ ကြိမ်)
အသက် ၂-၃ လ နို့မှုန့် ၆ ဇွန်း ရေ ၁၈၀ml(တစ်နေ့ ၅ ကြိမ်)
အသက် ၃-၄ လ နို့မှုန့်၇ ဇွန်း ရေ၂၁၀ml (တစ်နေ့၅ ကြိမ်)
အသက် ၄ လ အထက် နို့မှုန့် ၈ ဇွန်း ရေ ၂၄၀ml(တစ်နေ့၅ ကြိမ်)
အကြိမ်အရေအတွက်နှင့် ပမာဏသည် ကလေးငယ်အပေါ်မူတည်၍ ကွဲပြားနိုင်သည်။ ဆရာဝန်ညွန်ကြားချက်အတိုင်း လိုက်နာတိုက်ကျွေးပါ။
သတိပြုရန်-
ဖျော်စပ်ပြီးချိန်မှ ၁နာရီအတွင်း တိုက်ကျွေးရပါမည်။
ဖျော်စပ်ပြီး လက်ကျန်ကို ၁နာရီကျော်လွန်ပါက စွန့်ပစ်ပါ။
ဖွင့်ပြီးသားနို့မုန့်ဗူးကို ၃ ပတ်အတွင်းသာ အသုံးပြုသင့်ပါသည်။
နို့ကို မိုက်ခရိုဝေ့ဖ်နှင့် လုံးဝအပူမပေးပါနှင့်။
အဖုံးကို လေလုံအောင်ပိတ်ပြီး အေးမျှခြောက်သွေ့သည့်နေရာတွင် ထားပါ။
-Gaullac Infant Formula Powder Step 1
-800 g ပါဝင်ခြင်း
-0-12 months မွေးစမှတစ်နှစ်အတွင်းသောက်သုံးနိုင်ခြင်း
Made in France
Code: 3701032442062
tracker id: 0 (on) #11894