ရာသီသွေး ပြောင်းလဲမှုများ
ရာသီလာမဲ့ရက်မှာ မလာတော့တာဖြစ်ပါမယ်။ တစ်ခါတစ်လေ သန္ဓေသားလေး သားအိမ်နံရံကို တွယ်တဲ့အချိန်မှာ သွေးနည်းနည်းလေး ဆင်းတတ်ပါတယ်။ ရာသီလာဖို့ မှန်းထားတဲ့ရက်ထက် ရက် အနည်းငယ်စောပြီး ဆင်းတာပါ။ နောက်ဆုံးအကြိမ် ရာသီရဲ့ ပထမဆုံးရက်လေးကို မှတ်သားထားဖို့လိုပါတယ်။ သန္ဓေသားလေး တွယ်ပြီးကိုယ်ဝန်စဖြစ်တာ အဲ့ဒီရက်ရဲ့ နောက်ပိုင်း ၃ပတ်လောက်မှ စတာဖြစ်ပေမဲ့ ကိုယ်ဝန်သက် တွက်ရာမှာတော့ အဲ့ဒီရက်က စတွက်ပါတယ်။ ဒါကြောင့် သေသေချာချာ မှတ်ထားရပါမယ်။
အဖြူဆင်းခြင်း
ရာသီလာမဲ့အစား အဖြူများ များများ ဆင်းတတ်ပါတယ်။ ပုံမှန်အနံ့ကလွဲပြီး ထူးခြားတဲ့ အနံအသက်မရှိပါ။ ယားယံခြင်း၊ ဆီးကျင်ခြင်းများလည်း မရှိတတ်ပါ။ ကိုယ်ဝန်ရဲ့ပြောင်းလဲချက် သာဖြစ်ပါတယ်။
လိုက်နာဆောင်ရွက်ရန်
မကြာခဏ ရေဆေးပေး၊ သန့်ရှင်းရေးလုပ်ပေးပြီး သန့်ရှင်းတဲ့ အတွင်းခံများ ဝတ်ထား ဖို့လိုပါတယ်။ ဆေးကုသမှုခံယူရန်မလိုပါ။ အနံ့အသက်ရှိခြင်း၊ ယားယံခြင်း၊ ဆီးကျင်ခြင်းများ အဖြူဆင်းခြင်းနှင့် တွဲဖြစ်ပါက ကုသမှုခံယူဖို့လိုပါသည်။