ကိုယ်ဝန်ရှိစအချိန်တွင် အထူးဂရုစိုက်ရမည့်သူများအုပ်စုတွင် မပါသော်လည်း ကိုယ်ဝန်တစ်လျှောက်၊ မီးဖွားချိန်နှင့်မီးတွင်းကာလများတွင် အထွေထွေကျန်းမာရေးနှင့် ပတ်သက်သော ပြဿနာများ၊ ကိုယ်ဝန်နှင့်ပတ်သက်သော ပြဿနာများ၊ သားအိမ်ထဲရှိ ကလေးကြီးထွားမှုနှင့် သူ၏ကျန်းမာရေးနှင့် ပတ်သက်သော ပြဿနာများ အချိန်မရွေး ပေါ်နိုင်ပြီး အထူးဂရုစိုက်ရမည့် အုပ်စုထဲသို့ ပြောင်းလဲရောက်ရှိသွားနိုင်ပါသည်။ သို့ဖြစ်ပါသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးမဲ့သူနှင့် ရက်ချိန်းပေးသည့်အတိုင်း ပြသနေဖို့ လိုရုံတင်မက အန္တရာယ်လက္ခဏာများ ပေါ်လာလျှင် ကျန်းမာရေးစောင့်ရှောက်မှုပေးမဲ့သူ နှင့် အရေးပေါ်ပြသနိုင်ရန် ချိတ်ဆက်ထားရန်၊ ပြင်ဆင်ထားရန် လိုအပ်ပါသည်။ အရေးပေါ် ပြရန် လိုအပ်တဲ့ ကိုယ်ဝန်ပထမ ၃ လရဲ့ အန္တရာယ်လက္ခဏာများကို ခင်ပွန်းသည်နှင့် မိသားစုဝင်များ သိထားဖို့လိုပါတယ်။