ကိုယ်ဝန်ကိုစတင်မှတ်တမ်းတင်ပါ။ အပတ်စဉ် သို့မဟုတ် ၁ပတ်ခြား၊၂ပတ်ခြားတစ်ခါလောက် ဓါတ်ပုံရိုက်ထားပါ။ စိတ်ချမ်းသာအောင်နေပါ။ တစ်ခါတစ်ရံ အကြောင်းမရှိဘဲ စိတ်အားငယ်ခြင်းဝမ်းနည်းခြင်းများဖြစ်တတ်ပါတယ်။ လိုအပ်ရင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနဲ့ တိုင်ပင်ဆွေးနွေးပါ။ အိပ်ရေးဝအောင်အိပ်ပါ။