စျေး မီဒီယာ
မမွေးဖွားမှီ

ရာဇဝင်ယူခြင်း

Posted by Kyaw Lin Han April 20, 2020
Nouyqqkwug0b6mjr2rgh

ကိုယ်ဝန်ဆောင် မေမေရဲ့ အခြေခံအချက်အလက်များ ကိုစစ်ဆးရန်လိုအပ်ပါတယ်။

အသက်

အသက်ဘယ်လောက်ရှိပြီလဲ။

အသက် ၃၅ နှစ်ကျော်ပြီဆိုရင် ရောဂါအခံများ ဥပမာ သွေးတိုး၊ ဆီးချို စသည်များ ရှိနေတတ်ခြင်း၊ သားအိမ်မှာ အသားလုံး၊သွေးလုံး-စသည့် မီးယပ်ရောဂါများ ရှိနေတတ်ခြင်း၊ သားဥအရည်အသွေးလျော့ကျနေပြီဖြစ်ခြင်းတို့ကြောင့် သားပျက်သားလျော ဖြစ်တတ်ခြင်း၊ ကလေးတွင် ဗီဇပိုင်းဆိုင်ရာ ရောဂါများ ဥပမာ- Down Syndrome ပါလာတတ်ခြင်း၊ ခြေလက်အင်္ဂါ ချို့ယွင်းတတ်ခြင်း စသည် များရှိတဲ့အတွက် အထူးဂရုစိုက်ရမဲ့အထဲမှာပါပါတယ်။
၁၅ နှစ်ထက်ငယ်လျှင်လည်း မျိုးပွားအင်္ဂါများ အပါအဝင် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာများ မရင့်ကျက်သေးခြင်း၊ လူမှုရေး၊စီးပွားရေးပြသနာများ ရှိတတ်ခြင်းများကြောင့် အထူးဂရုစိုက်ရမဲ့သူ ဖြစ်ပါတယ်။

ကိုယ်ဝန် အရေအတွက်

သားဦးကိုယ်ဝန်နှင့် သားနှောင်းကြီး (ကိုယ်ဝန် ၅ကြိမ်မြောက်နှင့်အထက်)များသည် ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားစဉ်နှင့် မီးတွင်းမှာ အခက်အခဲများ ကြုံတတ်သဖြင့် အထူး ဂရုစိုက်ရမဲ့ အုပ်စုထဲတွင် ပါပါတယ်။

လူမှုရေးအခြေအနေများနှင့် အလုပ်အကိုင်ရာဇဝင်များ

စီးပွားရေး မပြေလည်သူများ၊ တကိုယ်ရည် မိခင်များ၊ အကြမ်းဖက်ခံရသည့် ကိုယ်ဝန်ဆောင်များသည်လည်း အထူးဂရုစိုက်ရမည့်သူများဖြစ်ပါသည်။
လုပ်ကိုင်သောအလုပ်အကိုင်သည် ကိုယ်ဝန်နှင့်ရင်သွေးလေးကို ထိခိုက်နိုင်ပါက အထူးဂရုစိုက်ရမည့် သူများဖြစ်ပါသည်။

မိသားစုရောဂါရာဇဝင်များ

မိသားစု အရင်းအခြာများတွင် ဆီးချို၊သွေးတိုးစသည့် မျိုးရိုးလိုက်တတ်သည့်ရောဂါများရှိပါက ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ပေါ်လာတတ်သဖြင့် သတိထားရပါမည်။
မျိုးရိုးလိုက်တတ်သည့် ခြေလက်အင်္ဂါ ချို့ယွင်းသောရောဂါ၊ ဗီဇချို့ယွင်းသော ရောဂါရှိသည့် ကလေးများ မွေးဘူးခဲ့သောရာဇဝင်ရှိလျှင် အထူးဂရုစိုက်ရမယ့် အုပ်စုထဲတွင်ပါပါတယ်။

မိမိ၏ကျန်းမာရေးရာဇဝင်များ၊

ကျန်းမာရေးချို့တဲ့သူ ဥပမာ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးအားနည်းရောဂါ၊ ကူးစက်ရောဂါရှိသူများသည် အထူးဂရုစိုက်ရမည့်သူများဖြစ်ပါသည်။
နေစဉ်သောက်နေရတဲ့ဆေးများ ရှိရင် ကလေးအတွက် အန္တရာယ် ရှိ၊ မရှိ ဆရာဝန်နှင့် ဆွေးနွေးပါ။

ယခင်ကိုယ်ဝန်ဆောင်ဖူး၊ ကလေးမွေးဖူးခဲ့ရင် ကိုယ်ဝန်နှင့် မွေးဖွားမှု ရာဇဝင်များ-

ယခင်ကိုယ်ဝန်ဆောင်ဖူးခဲ့လျှင် ယခင်ကိုယ်ဝန်၊ မွေးဖွားခြင်းရာဇဝင်၊ မီးတွင်းရာဇဝင်၊ ရင်သွေး လေးကို နို့တိုက်တဲ့ရာဇဝင်၊ သားဆက်ခြားရာဇဝင်-စတာတွေကို မေးမြန်းမှတ်တမ်းတင်ရပါမယ်။
ရာဇဝင်မကောင်းခဲ့လျှင် ဥပမာ- သားပျက် သားလျောဖြစ်ခဲ့ဖူးသူ၊ ကိုယ်ဝန်ဆိပ်တကဖူးသူ၊ သွေးသွန်ဖူးခဲ့သူ၊ ခက်ခဲစွာမွေးဖွာရသူ၊ ဗိုက်ခွဲမွေးရသူ၊ ကလေး အဖတ်မတင်သူ၊ ကလေးခြေလက်အင်္ဂါချို့ယွင်းသူ စသည်တို့ကတော့ အထူးဂရုစိုက်ရမယ့် မိခင်များဖြစ်ပါတယ်။

မိခင်များရဲ့ ကိုယ်ပိုင် အလေ့အကျင့်များ

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းဟာ ရင်သွေးလေးအပေါ်ဆိုးကျိုးမျာရှိသဖြင့် အထူးဂရုစိုက်ရမဲ့ အုပ်စုထဲတွင် ပါပါတယ်။

အရက်သောက်ခြင်း
ကိုယ်ဝန်ဆောင်စဉ် အရက်သောက်ရင် ရင်သွေးများကို မွေးရာပါ၊ သေရာအထိ တစ်သက်လုံး မပျောက်မပျက်ပါသွားနိုင်တဲ့ Fetal alcohol syndrome (FAS) ခေါ်တဲ့ရောဂါရသွားစေတတ်တဲ့အတွက် အထူးဂရုစိုက် ရမဲ့ အုပ်စုထဲတွင် ပါပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲခြင်း
မူးယစ်ဆေးဝါးသုံးစွဲခြင်းဟာ မိခင်အတွက် မကောင်းသလို ရင်သွေးလေးအတွက် လည်း လမစေ့၊ ပေါင်မပြည့်ဘဲ မွေးဖွားတတ်ပါတယ်။ သားအိမ်ထဲမှာနေစဉ် မိခင်သုံးစွဲတဲ့ မူးယစ်ဆေးဒဏ်ကို ခံရယုံမက၊ မွေးဖွားပြီးတော့လည်း ဆေးပြတ်တဲ့ဒါဏ် Congenital abstinence Syndrome ကို ခံစားရပါတယ်။ မူးယစ်ဆေးဝါးဖြတ်ပြီးမှ သားသမီးယူသင့်ပါတယ်။

Rjheafupxxvrhzjalyma

ဆေးလိပ်သောက်ခြင်းနဲ့ မျိုးဆက်ပွားကျန်းမာရေး

Tx4psvhrc5eyicihnmdw

Fetal alcohol spectrum disorder (FASD) and Fetal alcohol syndrome (FAS)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.